
လူထုအခြေပြု
GetRide ယုံကြည်တည်ဆောက်နေတဲ့ ကုမ္ပဏီမျိုးက လူထုကိုအခြေပြုပြီး လူထုအတွက်ပြန်လည်အထောက်အကူပြုပြီး လူနေမှုဘ၀ အားဖြည့်မြှင့်တင်ပေးတဲ့ ကုမ္ပဏီမျိုး ဖြစ်ပါတယ်။ အတူတူလုပ်ဆောင်ကြတော့ အားပိုရှိပါတယ်။ ပိုပြီးတော့လဲ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။

ဘေးကင်းလုံခြုံ
GetRide ရဲ့ ဒရိုင်ဘာတွေ ခရီးသည်တွေ ဘေးကင်းလိုရာရောက်ဖို့က GetRide အတွက် အရေးအကြီးဆုံးပါပဲ။ ဒါကြောင့် GetRide ရဲ့ ဒရိုင်ဘာတွေကို သင်တန်းတွေပုံမှန်ပေးတယ်။ မော်တော်ယာဉ်အမျိုးအစားအလိုက် လိုအပ်ချက်တွေကို မှန်မှန်စစ်ဆေးပေးတယ်။
ဘယ်လိုသုံးရမလဲ



ရှာမယ်
မိမိရောက်ရှိနေသောနေရာနှင့် သွားလိုသောနေရာရွေးပြီး နှစ်သက်ရာ ယာဉ်အမျိုးအစားကိုရွေးပါ။


ခေါ်မယ်
ယာဉ်မောင်းကိုရှာတွေ့ပြီဆိုပါက ယာဉ်မောင်း ထံသို့ ဖုန်း (သို့) မက်ဆေ့(ခ်ျ) ဖြင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။


စီးမယ်
တက္ကစီ သင့်ဆီရောက်ရှိလာလျှင် အသင့်စီနင်းနိုင်ပါပြီ။
ကျွန်ုပ်တို့အကြောင်း
GetRide ဆိုတာ ယာဉ်မောင်းနှင်ပို့ဆောင်သူနှင့် စီးနင်းသူ ခရီးသည် နှစ်ဦးကြား တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ Mobile Application တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ ယာဉ်မောင်းသူများကို ခေတ်မီနည်းပညာများ အသုံးပြုပြီး လုပ်ငန်းများ ပိုမို အဆင်ပြေပြေ လုပ်ကိုင်ချဲ့ထွင်နိုင်စေရန် ရည်ရွယ်ပါတယ်။
GetRide ရဲ့ ထူးခြားမှုကတော့ လူထုအခြေပြု မော်တော်ယာဉ်ကွန်ယက် အဖွဲ့ အဖြစ် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ GetRide ရဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ ယာဉ်မောင်းနှင်သူတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ပြီး ရရှိလာတဲ့ အကျိုးအမြတ်ကိုလည်း လူထု အကျိုးအတွက် ခွဲဝေ သုံးစွဲ နိုင်ဖို့ ရည်ရွယ်တဲ့ အတွက် လူထုအခြေပြု မော်တော်ယာဉ်ကွန်ယက်လို့ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။
ဘာကြောင့်သုံးသင့်သလဲ
GetRide ကိုသုံးခြင်းက ရေရှည်အဆင်ပြေတယ်၊ စိတ်ချယုံကြည်ရတယ်၊ ဈေးသင့်တင့်မျှတတယ်၊ ပြီးတော့ မြန်မာနိုင်ငံမှာ နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့ ပြည်သူတွေရဲ့ သွားရေးလာရေး အခက်အခဲတွေကို ထဲထဲဝင်ဝင် ဖြေရှင်းပေးတယ်။ ကျွန်ုပ်တို့အတွက် သင့်ရဲ့ ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးအချက်ပါပဲ။
ဒေါင်းလုဒ်လုပ်ရန်

Yangon | 09 952 000 400, 09 250 020 0900 |
Mandalay | 09 251 200 300 |
Monywa | 09 251 200 500 |