FREQUENTLY ASKED QUESTIONS
GetRide Application ကို ဘယ်နေရာကနေ ရယူနိုင်မလဲ?
- Facebook Page တွင် ပေးထားသော link မှ download လုပ်ခြင်း။
- လက်ကမ်းစာစောင်တွင် ပေးထားသော QR Code မှတဆင့် download လုပ်လို့ ရခြင်း။
- Get Ride application ရှိပြီးသား သူများ ထံမှ Share ၍အသုံးပြုနိုင်ခြင်း။
Get Ride Application ကို သုံးပြီးစီးတာနဲ့ ရိုးရိုးစီးတာဘာကွာလဲ ?
- မိမိ ရောက်နေသော နေရာမှ ဌားရမ်းနိုင်ပြီး ယာဉ်မောင်းမှ လာရောက်ခေါ်ဆောင်ပေးခြင်း။
- အချိန်ကုန်၊ လူပင်ပန်းသက်သာခြင်း။
- ဈေးနှုန်း မှန်ကန်စိတ်ချရခြင်း။
- ယာဉ်မောင်းများကို သေချာစိစစ် ရွေးချယ်ထားသောကြောင့် လုံခြုံစိတ်ချရခြင်း။
- မန်မာ့စိတ်ရင်းစေတနာကို အခြေခံသည့် ၀န်ဆောင်မှုကြောင့်စိတ်ချမ်းသာရခြင်း။
Phone နဲ့ ကိုက်ညီမှုမရှိတာတွေကော ရှိနိုင်လား ?
- အတတ်နိုင်ဆုံး Phone အမျိုးမျိုးနှင့် ကိုက်ညီအောင် ပြုလုပ်ထားပါသည်။
- အဆင်ပြေမှု မရှိပါက Call Centre သို့ ဖုန်းဆက်၍လည်းကောင်း၊ Facebook Page chat box မှ တဆင့် အကူအညီ ရယူနိုင်ပါတယ်။
ယာဉ်မောင်းကို စိတ်ချလို့ရော ရရဲ့ လား ?
- ယာဉ်မောင်းရဲ့ ကိုယ်ရေးအချက်အလက်ကို ဌားရမ်းသူဘက်မှ မြင်နေရမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်အမှန်များကိုသာထည့်သွင်းပေးထားတဲ့အတွက် ယုံကြည်စိတ်ချလို့ ရပါတယ်။
- အရေးပေါ် ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆက်သွယ်ရန် 24 hours Call Centre လည်း ထားရှိပေးထားပါတယ်။
ကိုယ်သွားချင်တဲ့နေရာကို ရွေးလို့ရလား။ မတွေ့ရင် ဘယ်လိုလုပ်ရမလဲ?
- မိမိသွားချင်တဲ့ နေရာကို Application ရဲ့  Search Box မှာ ရိုက်ရှာလို့ ရပါတယ်။
- Map မှာလည်း Pin ထောက်ပြီးရှာလို့ ရပါတယ်။
- Map မှာမတွေ့ ရင် လည်း အနီးဆုံးနေရာကိုဆွဲ၍ Pin ထောက်ပါ။
- Driver ကို သွားလိုသောနေရာ အတိအကျ ပြောပြပြီး လိုက်ပို့ ခိုင်းနိုင်ပါတယ်။
Promotion ကဘယ်လိုဆိုရနိုင်မလဲ။ Promotion နဲ့ ရိုးရိုးစီးတာ ဘာကွာလဲ?
- Promotion အစီအစဉ်များကို Facebook Page (သို့ ) Application ၏ အသိပေးချက်များမှတဆင့် သိရှိနိုင်ပါတယ်။
- Promotion အစီအစဉ်နဲ့ စီးခြင်းဖြင့် ပုံမှန်ထက် ဈေးသက်သာစေပါတယ်။